watermark logo

Als nächstes

ကိုရိုနားဗိုင်းရပ်စ်ကူးစက်မှု အချက်အလက်တွေ တရုတ်ထုတ်ပြန် - BBC News မြန်မာ

1 Ansichten· 02/22/20
Aryel Narvasa
Aryel Narvasa
Abonnenten
0

ဘီဘီစီ မြန်မာတီဗီ - ၁၈ ဖေဖော်ဝါရီ ၂၀၂၀

တရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနားဗိုင်းရပ်စ် ကူးစက်ခံရမှု နဲ့ ပတ်သက်လို့ အချက်အလက် သစ်တွေကို ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်လိုက်ရာမှာ သေဆုံးမှု နှုန်းဟာ ၂.၃ ရာခိုင်နှုန်း ရှိတာ တွေ့ရ

နည်းပညာကုမ္ပဏီကြီး အက်ပဲလ်က တရုတ်ပြည်က စက်ရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းထားရလို့ တကမ္ဘာလုံးကို အိုင်ဖုန်းတွေ တင်ပို့ မှုတွေ လျှော့ထားရ

တရုတ်ပြည်မှာ ဝီဂါ မွတ်စလင်တွေ အပေါ်မှာ ဘယ်လို မူဝါဒတွေနဲ့ ဆက်ဆံကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ အထောက်အထား သစ်တွေကို ဘီဘီစီက ရရှိခဲ့

ကုလသမဂ္ဂက ဆီးရီးယား အနောက်မြောက်ပိုင်းက ပြည်တွင်းစစ် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ အတွက် နေထိုင်ခိုလှုံစရာ လုပ်ပေးကြဖို့ တိုက်တွန်း လိုက်

နေပြည်တော်ဝစ်စဒမ်ဟေး မူကြိုကျောင်းက အသက် ၃ နှစ်မပြည့်သေးတဲ့ ကျောင်းသူ ဗစ်တိုးရီးယားကို လိင်မှုဆိုင်ရာ ကျူးလွန်တဲ့ အမှုနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယား မိသားစုအနေနဲ့ တရားခံအစစ် အမှန်ရှာဖွေနိုင်ရေး တရားမျှတမှုရရှိရေးအတွက် ဘာတွေ ဆက်လုပ်ဆောင်ဖို့ ရှိနေပါလဲ

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်နိုင်ဖို့ အတွက် ဒေါ်လာ ၁၀ ဘီလျံ ရံပုံငွေ ထုတ်ပေး သွားမယ်လို့ အမေဇုံ အွန်လိုင်းစျေးတည်ထောင်သူ ဂျက်ဖ် ဘဲဇော့်စ်က ပြော
ဥရောပက အကြီးဆုံး ဘဏ်ကြီး ဖြစ်တဲ့ အိတ်အက်စ်ဘီစီ အမြတ်အစွန်း ရရှိမှုတွေ တော်တော်ကျသွားခဲ့

#ကိုရိုနာဗိုင်းရပ်စ် #ကူးစက်မှု #တရုတ် #ဝူဟန် #ဟူဘေး #ကုလသမဂ္ဂ #ဆီးရီးယား #အမေဇုံ #ဥရောပ #ဘဏ် #ဝီဂါ

Zeig mehr

 0 Bemerkungen sort   Sortiere nach


Als nächstes